အမြို့မြို့အနယ်နယ်သတင်းများ

May 31,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နတ်ကိုးကွယ်မှုကိုစွန့်လွှတ်၍ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသည့် ဗုဒ္ဓဘာသာကူး​ပြောင်းခံယူပွဲအခမ်းအနားကို ​ယမန်​နေ့ မွန်းလွဲ ၁ နာရီက ​ကွက်သစ်ရပ်ကွက်၊ စိတ္တသုခ​ကျောင်းတိုက်ရှိ ဓမ္မသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 31,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သတ်မှတ်အသားဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
May 31,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မတော်တဆယာဉ်တိုက်မှုများလျော့ချရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း သိရှိနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မက်မန်းမြို့၊ ဗိုလ်ချုပ်လမ်းဆုံတွင် ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 31,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လွိုင်လင်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
May 31,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်းရှိ အကျိုးဆောင် တောင်သူများအား ခေါ်ယူ၍ ယမန်နေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ မိုးရာသီ၌ စိုက်ပျိုးမည့် သီးနှံများအလိုက် ဓာတ်မြေဩဇာလိုအပ်ချက်အရ ထောက်ခံနှုန်းထားနှင့်အညီ အချိုးကျပေါင်းစပ်နိုင်ရေး အဆိုပါရုံးရှေ့တွင် လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
May 31,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာ ပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာဗဟုသုတများ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
May 31,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံးရေးအတွက် စိုက်ပျိုးဧကများ တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာတွင် မိုးနေကြာစိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။