ကျုံပျော် မေ ၃၁
"ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက နိုင်ငံတော်က ချမှတ်ထားသည့် ရည်မှန်းချက်တာဝန်များဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံရေး၊ ပညာရည်အဆင့်အတန်းပြည့်မီရေး၊ စာမတတ်သူပပျောက်ရေးနှင့် နိုင်ငံတော်၏ အနာဂတ်အတွက် ပညာ အရည်အချင်း ပြည့်မီ၍ စဉ်းစားချင့်ချိန် တွေးခေါ်နိုင်သည့် ကလေးများ မွေးထုတ်ပေးနိုင်ရေးတို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာန ငွေစုငွေချေး သမဝါယမအသင်းနှင့် GEC သမဝါယမအသင်း တာဝန်ရှိသူများက ထောက်ပံ့ ငွေကျပ် (၄)သိန်း၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအား ပေးအပ် လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းဦးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)