မြို့သစ် မေ ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာရှိ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းသို့ ယမန်နေ့နံနက် ၁၀ နာရီက ရောက်ရှိကာ အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့သစ်မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က ကျောင်းဆောင်သစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်လမ်းညွန်မှာကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများသည် အခြေခံပညာဦးစီးဌာန၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)