ကလောမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာ (Bill Board) စိုက်ထူ

ကလော မေ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာ(Bill Board)စိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက လူစည်ကားသည့်နေရာများတွင် စိုက်ထူခဲ့ကြောင်း သိရသည်။      

ထိုသို့ အသိပညာပေးမြေစိုက်ပိုစတာ(Bill Board) စိုက်ထူရာတွင် ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကလောမြို့နယ်စည်ပင်သာယာရေးဌာနများနှင့်ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာ (Bill Board) အား ကလောမြို့မစျေးအနီး၊ ကုန်သည်လမ်းနှင့် ကလောဘူတာလမ်းဆုံတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)