တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

တောင်တွင်းကြီး မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် () အခြေခံပညာ အထက်ကျောင်း ပေလေးပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အ..က () ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသား သီချင်းဖြင့် သီဆိုသရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် () ဗိုလ်မှူးသက်ခိုင်ထွန်းမှ တိုးတက်လာသည့် ပညာရေးစနစ်၏ ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရန် ဆရာ၊ ဆရာမများအား ကြိုးစားဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက ကျောင်းအပ်နှံရေး သီတင်းပတ်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ထားရှိကာ ဇွန်လ ၃ ရက်နေ့တွင် ကျောင်းများအားလုံး စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းနေ့အရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရန်အတွက် မဖြစ်မနေကြိုတင်အပ်နှံကြရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း မိဘများ ကျောင်းအပ်နှံမှုလွယ်ကူစေရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ ပညာရေး၊ နောင်ရေးကောင်းစေရန်အတွက် သတ်မှတ်ထားသည့် ရက်အတွင်း ကျောင်းနေ့အရွယ်ကလေးများကို  ကျောင်းအပ်နှံဖို့ လိုအပ်မည့်ဖြစ်ကြောင်း ကျောင်းအပ်နှံရာတွင်လည်း ငွေကြေးကောက်ခံခြင်း လုံးဝမပြုလုပ်ဖို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိကြောင်း အမှာစကားအသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍​ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး ​ကျောင်းအပ်နှံရေး သီတင်းပတ် အထိမ်းအမှတ်အလံကို မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းအား ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သက်ခိုင်းထွန်းနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော KG+Grade 12 အထိ ကျောင်းဝတ်စုံများ၊ အထောက်အကူပြုစာအုပ်များ၊ ကျောင်းသုံးပုံနှိပ်ပြဌာန်းစာအုပ်များ၊ စာရေးကိရိယာများအား သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ အ..က () ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင် () ဗိုလ်မှူး သက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲမှူးရဲမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်မင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)