ဆင်ပေါင်ဝဲမြို့နယ် လွန်ချီစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လွန်ချီစံပြကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်နှင့် အဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ကျေးရွာအတွင်းရှိ အသက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ပြီး ကြက်ဥ၊ ငွေကျပ်(၂၀၀၀၀ိ/-)နှင့် အားဆေးကပ်များကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျေးရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်၍ မီးဖိုချောင်သန့်ရှင်းသပ်ရပ်မှုများစစ်ဆေးခြင်း၊ အမျိုးသမီးအိမ်တွင်းလက်မှုပညာပြုလုပ်နေမှုအား ကြည့်ရှုအားပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘုရားပန်းအိုးများ လဲလှယ်ပေးခြင်း၊ ရေစည်၊ ရေအိုး၊ ရေကန်များကို အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)