မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင် RC(၁)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်   မေ   ၃၁

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောက်လုပ်သော မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင် RC(၁)ထပ် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင် RC(၁)ထပ် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး  ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ​တော်မှအားထားရသည့် အဖိုးတန်လူငယ်လေးများဖြစ်​အောင် အကျင့်စာရိတ္တပြုပြင်ပေးရန် လိုအပ်သည့်ကလေးသူငယ်များအတွက် ယခုလိုသင်တန်းကျောင်းများတည်ထောင်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးလျက်ရှိပါ​ကြောင်း၊ လူငယ်သင်တန်းကျောင်းမှ ကလေးများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များကို ဖွင့်လှစ်သင်ကြား​ပေးခြင်းဖြင့် သင့်​လျော်သော အလုပ်အကိုင်ရရှိစေရုံမျှမက ဝင်ငွေရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းဆောင်သစ် ရေရှည်တည်တံ့ ကောင်းမွန်စေရေး စည်းကမ်းရှိရှိ နေထိုင်ထိန်းသိမ်းသွားကြဖို့ လိုအပ်သလို ​ကျောင်းသားများအနေဖြင့် ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွက် အားကိုးအားထားပြုနိုင်သည့် ပြည်သူအကျိုးပြု လူတော်၊ လူကောင်းလေးများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ​ကျောင်းသား​လေးများ၏ တေးသီချင်းဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့မှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြပြီး မော်လမြိုင်လူငယ်သင်တန်းကျောင်း၊ RC(၁)ထပ် ကျောင်းဆောင်သစ်အ​ဆောက်အဦအား လှည့်လည်ကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများမှ မော်လမြိုင်မြို့၊ အ​ထွေ​ထွေ​ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းတို့ကို ဆောင်ရွက်​ပေး​လျက်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယ​မန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေ​ထွေ​ရောဂါကုပြည်သူ့ဆေးရုံကြီး၊ မျက်စိ​ဆောင်တွင် မျက်စိအတွင်းတိမ်လူနာများအားအခမဲ့စမ်းသပ်ခြင်း၊ အခမဲ့ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်​ပေးနေမှုအ​ခြေအ​နေအား ကြည့်ရှုအား​ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မျက်စိအတွင်းတိမ်လူနာများအား ရင်းရင်းနှီးနှီးလိုက်လံအား​ပေးစကား​ပြောကြားကာ လိုအပ်သည့်​ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ​ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)