ဇလွန် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် တိုင်းဒေသကြီးအဆင့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူများ အစမ်းလေ့ကျင့်နေမူအား ယနေ့မွန်းလွဲ ၂ နာရီတွင် ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဇော်ဝမ်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရူ့အားပေးခဲ့ကြသည်။
ကြည့်ရူ့အားပေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝမ်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက တိုင်းဒေသကြီးအဆင့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူများ အစမ်းလေ့ကျင့်နေမူအား ကြည့်ရူ့အားပေး၍ မြို့နယ်၏ဂုဏ်ဆောင် ကျောင်းသား၊ကျောင်းသူများ ဖြစ်လာစေရန် ဆုများအသီးသီး ရရှိအောင် ကြိုးစားယှဥ်ပြိုင်ကြရန် အားပေးစကားပြောကြားခဲ့သည်။ ဇလွန်မြို့နယ်အနေဖြင့် တိုင်းဒေသကြီးအဆင့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၃ )ဦး ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
ဝေယံ
ဇလွန် (ပြန်/ဆက်)