ကျုံပျော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ (၃၇၅၅၅)ဦး ကျောင်းအပ်နှံပြီးစီး

ကျုံပျော် မေ ၃၁

"ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင်၊ ကျောင်းအပ်နှံရေးလုပ်ငန်းများ ကိုလက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၃၀ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၇၅၅၅)ဦး ကျောင်းအပ်နှံပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ ၂၃ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီး၊ မိဘအုပ်ထိန်းသူများ ကျောင်းသား၊ ကျောင်းသူများ တပျော်တပါး လာရောက်ကျောင်းအပ်နှံလျက်ရှိကြကြောင်း၊ ယနေ့ ကျောင်းအပ်လက်ခံ (၈)ရက်မြောက် နေ့အထိ မူလတန်း (၂၅၇၂၃)ဦး၊ အလယ်တန်း (၈၀၉၆)ဦး၊ အထက်တန်း ( ၃၇၃၆) ဦး၊ စုစုပေါင်း ( ၃၇၅၅၅) ဦး ကျောင်းအပ်နှံပြီး၊ အပ်နှံပြီးစီးမှု ရာနှုန်း (၈၈.၉၅)% အထိ ရရှိပြီဖြစ်ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ကျောင်းအပ်နှံရေးအတွက် အခြေခံပညာအထက်တန်းကျောင်း (၁၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၇) ကျောင်း၊ အလယ်တန်းကျောင်း (၂၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၄)ကျောင်း၊ မူလတန်းကျောင်း (၁၈၅) ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ) (၇) ကျောင်း၊ စုစုပေါင်း ‌အခြေခံပညာကျောင်းပေါင်း (၂၅၂)ကျောင်းတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)