မိုးနဲမြို့နယ်၌ ဆီထွက်သီးနှံနေကြားစိုက်ပျိုးနေမှုကို တာဝန်ရှိသူများ ကြည့်ရှုအားပေး

မိုးနဲ မေ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း စားသုံးဆီဖူလုံးရေးအတွက် စိုက်ပျိုးဧကများ တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာတွင် မိုးနေကြာစိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ရေဆင်း စပ်မျိုး (၁) မျိုးနေကြာမျိုးစေ့ထုတ် ငါးဧကအား ခေတ်မီစက်များဖြင့် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆီထွက်သီးနှံများ ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီမည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)