အမြို့မြို့အနယ်နယ်သတင်းများ

May 31,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့်တောင်သူများသို့ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြု့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ခနောင်တို) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 31,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အခြေခံပညာအဆင့် ဘက်စုံပညာရည်ဖွံဖြိုးတိုးတက်ရေးမှတ်တမ်းများရေးသွင်းနိုင်ရေးအတွက် မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို မြို့နယ်ပညာရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 31,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မေလ (၃၁) ရက်နေ့ နံနက် (၈) နာရီမှ (၁၂) နာရီထိ အပတ်စဥ်သောကြာနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်ဟင်္သာတမြို့၊ လက်သမားရပ်ကွက်ရှိ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၌ ၂၂.၅.၂၀၂၄ ရက်နေ့၌ ဘဝနတ်ထံပျံလွန်တော်မူပြီးသော အဆိုပါကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တ အရိယဝံသ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား ယမန်နေ့မွန်းလွဲပိုင်းက ယာယီ စံကျောင်းတော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။
May 31,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် English Speaking သင်တန်းဆင်း ပွဲကို မေလ (၃၁) ရက် နံနက် (၉)နာရီအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
May 31,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
May 31,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မင်းဘူးကားလမ်း စလင်းမြို့အဝင် လမ်းဘေးဝဲ/ယာတို့တွင် ပန်းအလှပင်များ၊ စိန်ပန်းပင်၊ အရိပ်ရပင်များနှင့် စက္ကူပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စလင်းမြို့အဝင်ဆိုင်းဘုတ်နှင့် ပန်းခြံအတွင်းရှိ ပန်းအလှပင်များအား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြသည်။