စေတုတ္တရာ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် အခြေခံပညာအဆင့် ဘက်စုံပညာရည်ဖွံဖြိုးတိုးတက်ရေးမှတ်တမ်းများရေးသွင်းနိုင်ရေးအတွက် မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို မြို့နယ်ပညာရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အခြေခံပညာအဆင့် ဘက်စုံပညာရည်ဖွံဖြိုးတိုးတက်ရေးမှတ်တမ်းများရေးသွင်းခြင်းဆိုင်ရာ(မြို့နယ်အဆင့်)ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြား၍ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဘူး)ကျေးရွာ ကျောင်းအုပ်ဆရာမကြီးက ဘက်စုံပညာရည်ဖွံဖြိုးတိုးတက်ရေးမှတ်တမ်းရေးသွင်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ကျောက်ပုံ) ကျောင်းအုပ်ဆရာမကြီးက စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ မှတ်တမ်းဖြည့်သွင်းခြင်းကို သင်တန်းပို့ချပြီးနောက် သင်တန်းသားဆရာ/ဆရာမများက သိလိုသောအကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ အဆိုပါသင်တန်းကို မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၀၂)ဦး တက်ရောက်ခဲ့ရာ သင်တန်းကာလ (၁)ရက်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)