ဆိပ်ကြီးခနောင်တို မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြု့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ခနောင်တို) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စမ်းရီက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိသည့် ကျောင်းအပ်နှံရေးပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များအား တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၁၀ ကျောင်း၊ မူလတန်းလွန် ၄ ကျောင်း၊ အ.ထ.က(ခွဲ) ၂ကျောင်းနှင့် အ.ထ.က ကျောင်း ၁ ကျောင်း စုစုပေါင်း ကျောင်း ၁၇ ကျောင်းရှိပြီး၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံးစာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၈၈၆ ဦးရှိပြီး၊ ၆၄၆၀ ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၉၃.၈၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေယံ (ပြန်/ဆက်)