ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မေလ (၃၁) ရက်နေ့ နံနက် (၈) နာရီမှ (၁၂) နာရီထိ အပတ်စဥ်သောကြာနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေ၊ တာဝန်ကျဆရာဝန်များ၊ ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုး၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားစုစုပေါင်း (၁၂၅) ဦးအား အခမဲ့စောက်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။

ထိုနောက်ဘိုးဘွားများအား အလှူရှင်မိသားစုများမှ အဟာရဒါနအနေဖြစ် ကြာဇံဟင်းခါးတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)