အမြို့မြို့အနယ်နယ်သတင်းများ

May 31,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ ဂေဟစနစ် တည်ငြိမ်မှုအားအထောက်အကူပြုစေရေး၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက သဲကုန်းမြို့နယ် ဇလဲ့အုပ်စု၊ အ.မ.က ဥသျှစ်ကုန်းကျောင်းဝန်း၌ ကျင်းပခဲ့ကြသည်။
May 31,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ တာတန်းလမ်းရှိ ခြံစိုက်ပျိုးသူ ဦးမြမောင်၏ ခြံဝန်းအတွင်း၌ ဂန္ဓမာပန်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်‌ငွေရရှိပြီးအဆင်ပြေကြောင်း သိရသည်။
May 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် အရှေ့တောင်အာရှ (၅) နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၈) ဆု၊ ငွေတံဆိပ် (၂) ဆုနှင့် ကြေးတံဆိပ် (၁) ဆုရ မြောင်းမြမြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်ကြက်တောင်ရိုက် အားကစားသမား များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂း၀၀) အချိန်က အ.ထ.က (၁) ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
May 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား  ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 31,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၄) သင်တန်းဆင်းပွဲနှင့်  သစ်သီးအလှဆင်သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက အဆိုပါ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
May 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့်ဆောင်ရွက်ထားရှိသည့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁၂၅၀ ပေ × ၈ ပေ × ၆ လက်မ) အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
May 31,2024
ယခုအချိန်အခါသည် မိုးကြိုကာလသို့ရောက်ရှိနေပြီဖြစ်ရာ မိုးကြိုကာလမိုးလေဝသဖြစ်စဉ်များနှင့်အတူ နှစ်စဉ်ဖြစ်နေကြအတိုင်း  ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ တောင်ပြို၊ မြေပြိုခြင်း၊ တောင်ကျရေဆင်းခြင်းစသည်တို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့်အစီအစဉ်များကို ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်လာစေရန် ဟူသောရည်ရွယ်ချက်ဖြင့် မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဝန်ထမ်းမိသားစုများပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
May 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(၆)မူလတန်းလွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁၁)နာရီအချိန်က ကျင်းပခဲ့သည်။