Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟင်္သာတမြို့ အတွင်းပတ္တမြားကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇ မဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တအရိယဝံသ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော်အား ယ…
May 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်ဟင်္သာတမြို့၊ လက်သမားရပ်ကွက်ရှိ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၌ ၂၂.၅.၂၀၂၄ ရက်နေ့၌ ဘဝနတ်ထံပျံလွန်တော်မူပြီးသော အဆိုပါကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဠဂုရု၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တ အရိယဝံသ၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား ယမန်နေ့မွန်းလွဲပိုင်းက ယာယီ စံကျောင်းတော်သို့ ပင့်ဆောင်ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းနှင့် English Speaking သင်တန်းဆင်းပွဲကျင်းပ
May 31,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် English Speaking သင်တန်းဆင်း ပွဲကို မေလ (၃၁) ရက် နံနက် (၉)နာရီအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 31,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန် စည်ပင်သာယာအဖွဲ့မှ လမ်းဘေး/ဝဲယာ ပန်းအလှပင်၊ အရိပ်ရပင်များ စိုက်ပျိုး
May 31,2024
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် မင်းဘူးကားလမ်း စလင်းမြို့အဝင် လမ်းဘေးဝဲ/ယာတို့တွင် ပန်းအလှပင်များ၊ စိန်ပန်းပင်၊ အရိပ်ရပင်များနှင့် စက္ကူပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စလင်းမြို့အဝင်ဆိုင်းဘုတ်နှင့် ပန်းခြံအတွင်းရှိ ပန်းအလှပင်များအား ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 31,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊သဲကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ ဂေဟစနစ် တည်ငြိမ်မှုအားအထောက်အကူပြုစေရေး၊ ပြည်သူလူထုမှ သစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက သဲကုန်းမြို့နယ် ဇလဲ့အုပ်စု၊ အ.မ.က ဥသျှစ်ကုန်းကျောင်းဝန်း၌ ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
May 31,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ တာတန်းလမ်းရှိ ခြံစိုက်ပျိုးသူ ဦးမြမောင်၏ ခြံဝန်းအတွင်း၌ ဂန္ဓမာပန်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီးအဆင်ပြေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားတက်ရောက်
May 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် အရှေ့တောင်အာရှ (၅) နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၈) ဆု၊ ငွေတံဆိပ် (၂) ဆုနှင့် ကြေးတံဆိပ် (၁) ဆုရ မြောင်းမြမြို့နယ်မှ နိုင်ငံ့ဂုဏ်ဆောင်ကြက်တောင်ရိုက် အားကစားသမား များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂း၀၀) အချိန်က အ.ထ.က (၁) ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေး
May 31,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5969
Page
5970
Page
5971
Page
5972
Current page
5973
Page
5974
Page
5975
Page
5976
Page
5977
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department