တမူး မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် English Speaking သင်တန်းဆင်း ပွဲကို မေလ (၃၁) ရက် နံနက် (၉)နာရီအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ ကျောင်းသား/ကျောင်းသူလူငယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ Englishစာနှင့် ပန်းချီရေးဆွဲနည်းပညာကို စိတ်ပါဝင်စားသော ကလေးငယ်များအား အခြေခံမှစတင်လေ့လာနိုင်ရေးတို့အတွက်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းများတွင်ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့ကြသည့် သင်တန်းနည်းပြဆရာများအား ဆုများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းများတွင် သင်တန်းနည်းပြ ဆရာများမှ Basic Gammer၊ Basic Speaking နှင့်အခြေခံပန်းချီရေးဆွဲနည်းများ၊ မျဥ်းအကြောင်း၊ ဆတိုး/ဆခွဲနည်း၊ ကာတွန်းခေါင်းပုံသဏ္ဍန်ရေးဆွဲနည်း (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ ကာတွန်းအချိုး အစား၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို (၁) လကြာ ကျောင်းသား/ကျောင်းသူ (၃၀) ဦးတို့အားဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဦးကျော်သူရ
တမူးခရိုင် (ပြန်/ဆက်)