သာပေါင်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာနှင့် ဧရာဝတီတိုင်းဒေသကြီးရုံး၊ မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူတို့သည် မိုးစပါးသီးနှံအာမခံဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးဇင်မင်းသိုက်နှင့် မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူက သီးနှံအာမခံလုပ်ငန်းဆိုင်ရာများအား ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တတ်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဖြေကြားခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုဇော်သိန်း