မန္တလေး ဇွန် ၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်ဝန်းအတွင်း ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မန္တလေးနည်းပညာတက္ကသိုလ် တာဝန်ခံ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုခိုင်၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ဆရာဆရာမများ၊ Ngo အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ အဖွင့်အမှာစကား ပြောကြားပြီး၊ ဝန်ကြီးချုပ်မှ ပိတောက်ပင်အား စိုက်ပျိုးခဲ့ပြီးနောက်၊ သတ်မှတ်နေရာ အသီးသီးတို့တွင် သစ်ပင်များကို စိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်မျိုးများမှာ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ တမလန်း၊ ပျဥ်းမ၊ မဟော်ဂနီ၊ မယ်ဇယ်၊ မယ်ဇလီ၊ စိန်ပန်း၊ ခရေ၊ ယင်းမာ၊ ငုရွှေဝါ၊ အမျိုးအစားများ ဖြစ်ပြီး၊ စုစုပေါင်း (၆၉၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဝန်ထမ်းများမှ ''စိမ်းလန်းစိုပြေ သာယာဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့'' လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)