အောင်မြေသာစံ ဇွန် ၁
အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ်အဖြစ် RCC သုံးထပ် “ချင်းတွင်းကျောင်း ဆောင်” သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက်(၄၂)ရှိ အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းတင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွ ယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ အမှတ်(၂)စစ်နယ်မြေမှူး ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းမျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ခေတ္တမြို့ နယ်ပညာရေးမှူး ဦးသန်းထွန်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောသလ္လာဝတီအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသာမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့်တက်ရောက်သည်။
အစီအစဉ်အရ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းပညာရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဦးသာမောင် တို့က “ချင်းတွင်း ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့်တာဝန်ရှိသူများက "ချင်းတွင်း"ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြပြီး ကျောင်းအပ်နှံရေးနေ့ အထိမ်း အမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။
ယနေ့ဖွင့်လှစ်လိုက်သော အဆိုပါ "ချင်းတွင်း" ကျောင်းဆောင်သစ်သည် အလျား ပေ ၁၄၀၊အနံ ပေ ၃၀၊ စာသင်ခန်း(၁၂)ခန်းပါဝင်သော RCC သုံးထပ်ကျောင်းဆောင်ဖြစ်ပြီး၊ခွင့်ပြငွေ ကျပ် ၄၈၈.၉၄၃ သန်းဖြင့် "နိုင်မန္တလာ" ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)