ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေး

ကျွန်းလှ ဇွန် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျွန်းလှမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာမများက ဆုံဆို့နှင့် မေးခိုင်ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ သန္ဓေသားအနေအထား မှန်မမှန်စစ်ဆေးပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ