သာပေါင်း ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ဖြန့်ဖြူးပေးအပ်ပွဲနှင့် မြေမြှုပ်စိုက်ပျိုးရေးကြဲပက်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ၊ ကွင်းအမှတ်(၅၃၄)၊ ဦးပိုင်အမှတ်(၈၉/၃)(၈၉/၄)၊ တောင်သူ ဦးကျော်မျိုးလွင်(၇)ဧက၊ ဦးပိုင်အမှတ်(၆၇/၄) တောင်သူဦးဖိုးဂျွန်း(၂)ဧက လယ်မြေများပေါ်သို့ မြေမြှုပ်စိုက်ပျိုးရေး ကြဲပက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ရေတော်မိုးတော်ဧကများတွင် သစ်စိမ်းမြေသြဇာမြေမြှုပ်စိုက်ပျိုးရေး၊ ကြဲခင်းစနစ်အစား စိုက်ခင်းစနစ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧက(၁၀)တင်းပိုထွက်ရှိရေး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးရေး၊ မျိုးစေ့ချကိရိယာ(Drum Seeder)၊ ကောက်စိုက်စက်အသုံးပြုရေး၊ တစ်သီးမှ သုံးသီးစိုက်ပျိုးရေး၊ လမ်းဘေးဝဲ၊ ယာရိုးပြတ်ကျန်မှုမရှိရေး၊ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ စိုက်ဘဏ်ချေးငွေများပေးဆပ်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့် သွင်းအားစုရယူဆောင်ရွက်ရေးတို့ကို ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်လွင်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်းစသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မေလဆန်းဝန်းကျင်တွင် တစ်ဧက (၄) ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး(၄၅)ရက်သားအချိန်သည် အပင်အတွက်အဓိက အာဟာရဓါတ်များဖြစ်သော နိုက်ထရိုဂျင် ဖေါ့စ်ဖေါရပ်(ဖေါ့စ်စဖိတ်)၊ ပိုတက်ရှ် အများဆုံးပါဝင်ချိန်တွင် ထယ်ထိုးမြေမြှုပ်၍ သစ်စိမ်းမြေဩဇာ မြေဆွေးဓါတ်ရရှိစေပြီး မြေအချဉ်အငန်ကိုလည်း ၎င်းသစ်စိမ်းမြေဆွေးဓါတ်က ထိန်းညှိပေးပါကြောင်း မြေကြီးရုပ်ဂုဏ်သတ္တိ ပိုမိုကောင်းမွန်းလာပါကြောင်း မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသသည် နှစ်စဉ်မိုးရေချိန်လက်မ (၈၀) ခန့်ရွာသွန်းခဲ့မှုကြောင့် မြေဆီလွှာအပေါ်ယံစိုက်ပျိုးမြေများမှာ အချဉ်ဓါတ်ရှိမြေများ ဖြစ်ပေါ်စေပါသည်။
သို့ဖြစ်ပါ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် အပင်များစားသုံးရန် N.P.K အာဟာရဓါတ် ရရှိစေရုံမကပဲ မြေချဉ်မှု (PH အနိမ့်) ကိုလည်း မြှင့်တင်ပေးနိုင်ပြီး (၂)ပတ်အကြာတွင် စပါးစိုက်ပျိုးနိုင်ပါသည်တို့ကို အသိပညာပေးပြောကြားပြီး ကျေးရွာအုပ်စု (၇) စုမှ တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထုပ်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို ကွင်းအမှတ် (၅၃၄)၊ ဦးပိုင်အမှတ် (၈၉/၃)(၈၉/၄)၊တောင်သူ ဦးကျော်မျိုးလွင် (၇) ဧက၊ ဦးပိုင်အမှတ် (၆၇/၄) တောင်သူဦးဖိုးဂျွန်း (၂) ဧက လယ်မြေပေါ်သို့(၁)ဧကလျှင် (၄) ပြည်နှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်လွင်နှင့် တောင်သူတို့က စုပေါင်းကြဲပက်မြေမြှုပ် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်