ကလေး ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကားကြီးဝန်းရှေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချပေးရာတွင် ဆန်(၁)ပြည်၊ ဆီ(၁၀)ဆယ်သားကို စုစုပေါင်း(၃၅၀၀)ကျပ်နှုန်းဖြင့် နံနက်(၈)နာရီခွဲအချိန်မှစတင်၍ အပတ်စဉ်ရောင်းချပေးသွားရာ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပြည်သူများအေးချမ်းစွာဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ အပတ်စဉ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)