ရန်ကင်း ဇွန် ၂
“ကလေးငယ်တိုင်းရောဂါကင်းဝေးရေး ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံတိုက်ကျွေးပေး” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များကို (Catch-up)နည်းလမ်းဖြင့် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်ကန်ဘဲ့ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ် ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသော ကလေးငယ်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့်ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို တိုက်ကျွေး၊ ထိုးနှံပေးခြင်းများဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up)နည်းလမ်းဖြင့် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှရပ်ကွက်များအတွင်းရှိ သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လှလှထွေး( ပြန်/ဆက်)