ပုဗ္ဗသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းအပ်နှံခြင်းများ မကျန်ရှိစေရေးအတွက် နေပြည်တော် ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းအပ်နှံရေးသည် ကလေးငယ်များ၏ အနာဂတ်နိုင်ငံတော်၏ မျိုးဆက်သစ်များအတွက် အလွန်အရေးပါကြောင်း၊ လူငယ်များ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည်စုံစေရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏ သားငယ်သမီးငယ်များအား အချိန်မီကျောင်းအပ်နှံရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)