ရန်ကင်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်ဝင်းအောင်ဦးဆောင်သည့်အဖွဲ့က အမှတ်(၅)ရပ်ကွက်အတွင်းနေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၅)ရပ်ကွက်ရှိပြီး ရန်ကင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းနေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊ (၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်း နေပြည်သူများအား မေလ(၃)ရက်နေ့မှစတင်ကာ စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)