ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း(၅၄)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၁)ခု ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံမြောက် ဇွန် ၂

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် (Biometric)ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦး​ကျော်​ကျော်ဝင်းနှင့်အဖွဲ့က ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန် ၂ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း​ဆောင်ရွက်​ပေးခဲ့သည်။

အိမ်​ထောင်စုလူဦး​ရေစာရင်းနှင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများကွင်းဆင်း​ဆောင်ရွက်​ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းဝင်း၊ ရဲမှူးတင်ထွန်းနိုင်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးစီးအရာရှိဦးမြင့်​ဇော်တို့က ပြည်သူများနှင့်​တွေ့ဆုံ၍  နိုင်ငံသားစိစစ်ရေးကတ်ပြားအသုံးဝင်ပုံများအား ရှင်းလင်း​ပြောကြားကာ အိမ်​ထောင်စုလူဦး​ရေစာရင်း(၅၄)စု အား ပြည်သူများ၏ လက်ဝယ်သို့​ပေးအပ်ခဲ့သည်။

ဆက်လက်၍ အဆိုပါ အိမ်​ထောင်စုများမှ (၁၈)နှစ်ပြည့်ပြီးသူ(၇၈)ဦးနှင့် (၁၀)နှစ်ပြည့်ပြီသူ(၃)ဦး၊ စုစု​ပေါင်း(၈၁)ဦးတို့အား နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ဆက်လက်​ဆောင်ရွက်​ပေးခဲ့ကြောင်းသိရှိရသည်။ လူဝင်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးအ​နေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ(၂၆)ရက်နေ့မှစ၍ ပြည်သူများအား (Biometric)ဇီဝဆိုင်ရာအချက်အလက်များ​ကောက်ယူ​ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ​ ပြည်သူ ကျား(၂၁၀၄၈)ဦး၊ မ(၁၈၀၉၇)ဦး၊​ ပေါင်း(၃၉၁၄၅)ဦးအား ​ကောက်ယူပေးခဲ့ပြီးဖြစ်သည်။

မြင့်မြင့်ရီ