သာကေတမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် Biometric Data များ ကွင်းဆင်းဆောင်ရွက်ပေး

သာကေတ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာ​ကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် (Biometric Data)များ ဆောင်ရွက်ခြင်းကို /ရန်ပြေရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက်(၁၀:၀၀)နာရီ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်ရှိ ပြည်သူများ၏လူနေမှုဘဝပြည်စုံစေရန်ရည်ရွယ်၍ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ လက်ထောက်မြို့နယ်မှူးဒေါ်ယဥ်​မြသွေးနှင့်ဝန်ထမ်းများက /ရန်ပြေရပ်ကွက်သို့ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ပြည်သူများနှင့် အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သာကေတမြို့နယ် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ ပြည်သူများအား၂၀၂၃ ခုနှစ် ဇွန်လ(၂)ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ (Biometric Data)များ ကောက်ယူပြီးစီးမှုမှာ ကျား(၁၈၁၉၁)ဦး (၂၁၄၈၀)ဦး စုစုပေါင်း(၃၉၆၇၁)ဦးရှိပြီး အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အလှည့်ကျစနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)