အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဖြစ်ပွားခဲ့သော မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို သာယာဝတီမြို့နယ်၊ ငဖြူကလေးအုပ်စု၊ ရွာသစ်တန်းရပ်ကွက်၌ ယနေ့နံနက် ၁၁ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jun 03,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ အ‌‌ခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ လှစ်ဖွင့်ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ (၁၈၄) နှစ်မြောက် ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် နှစ်ပတ်လည်နေ့အခမ်းအနားကို မေလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးယနေ့ ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီဖြစ်၍ ကျောင်းသား/သူများ ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်စိုက်ပျိုးရာသီဒေသတွင်း စားသုံဆီဖူလုံစေရေးနှင့် ဆီထွက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မိုးဆီထွက်သီးနှံကို ဧကပေါင်း ၅၄၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 03,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံအဝန်း၌ ဇွန်လ ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများကိုလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
Jun 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့ နံနက် ၉ နာရီက စတင်ပြီး အခြေခံကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။