မတ္တရာ ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံအဝန်း၌ ဇွန်လ ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများကိုလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံပြီးသူ အခြေခံပညာကျောင်း၌ (၁၇၃၉၁)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ (၁၁၈၇)ဦးနှင့် ကိုယ်ပိုင်ကျောင်းများ၌ (၁၅၅)ဦး စုစုပေါင်း (၁၈၇၃၁)ဦးရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများနှင့် လုံခြုံရေးအဖွဲ့များမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)