အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
Jun 03,2024
တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေးသင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက် နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jun 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jun 03,2024
မ‌ကွေးတိုင်းဒေသကြီး၊ သရက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ နှစ်တစ်ရာပြည့် ရာပြည့် အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Jun 03,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာ(ထက်၊လယ်၊မူ)ကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် သင်ရိုးညွှန်တန်းများ သင်ကြာပို့ချခြင်းကို ဇွန်လ (၂) ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်ကျောင်းများတွင် ကျောင်းသား/သူများ အေးချမ်းစွာတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
၂၀၂၄ ခုနှစ် ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်/ ဒီဂရီကောလိပ်များ စတင်ဖွင့်လှစ်ရာ ပြည်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (ဒုတိယပညာသင်ကာလ)နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (ပထမပညာသင်ကာလ) ဘာသာရပ်အသီးသီးမှ ဘွဲ့ကြို၊ ဘွဲ့လွန်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိ‌ကြောင်း သိရသည်။
Jun 03,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သံဃာဆောင်တွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။