(၁၈၄)နှစ်မြောက် ပိုင်ကျုံ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ပိုင်ကျုံ ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ (၁၈၄) နှစ်မြောက် ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် နှစ်ပတ်လည်နေ့အခမ်းအနားကို မေလ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်းနှင့် ဆုတောင်းခြင်းဖြင့် စတင်ပြီး ပိုင်ကျုံကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဖြစ်ပေါ်လာပုံအကြောင်းကို ဦးစောစိုးရှယ်မှလည်းကောင်း တရားဒေသနာတော်များကို တောင်ငူမြို့ ပကူးအသင်းတော်မှ အသင်းအုပ်ဆရာတော် ဒေါက်တာ နေထွန်းလင်းမှ ဟောပြောခဲ့ကြောင်း သိရသည်

ပိုင်ကျုံမြို့ ကရင်နှစ်ခြင်း အသင်းတော်ဘုရားရှစ်ခိုးကျောင်းတွင် အသင်းတော်၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို နှစ်စဉ်ဇွန်လပထမပတ်တွင် အစဉ်အမြဲကျင်းပလျက်ရှိကြောင်း သိရသည်

နော်ခူး (ပြန်/ဆက်)