မိုးနဲ ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးယနေ့ ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီဖြစ်၍ ကျောင်းသား/သူများ ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူဖို့ကျောင်း အပ်နှံကြပါစို့ဟူသည့် ဆောင်ပုဒ်ဖြင့် မေလ (၂၃) ရက်နေ့မှ စတင်၍ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၃ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံအလယ်တန်းကျောင်းခွဲ၊ အခြေခံပညာမူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် စုစုပေါင်းအခြေခံပညာကျောင်း ပေါင်း ၄၇ ရှိပြီး ကျောင်းသားဦးရေ စုစုပေါင်း ၅၆၇၅ ဦး ကျော်ကျောင်းအပ်နှံ တက်ရောက်ပညာသင်ကြားနေပြီး ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)