သာယာဝတီ ဇွန် ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများသည် ယမန်နေ့ကဖြစ်ပွားခဲ့သော မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်စဉ်ကြောင့် မီးဘေးသင့်ခဲ့သော ပြည်သူများကို သာယာဝတီမြို့နယ်၊ ငဖြူကလေးအုပ်စု၊ ရွာသစ်တန်းရပ်ကွက်၌ ယနေ့နံနက် ၁၁ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးကြောင့် လောင်ကျွမ်းပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂ဝ၀၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀၀) ကျပ် စုစုပေါင်း (၂၀၆၃၀၀) ကျပ်တို့နှင့် ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံးတစ်ပုံးအား ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)