အမြို့မြို့အနယ်နယ်သတင်းများ

Jun 03,2024
ကချင်ပြည်နယ်၊ပူတာအိုခရိုင်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ  မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပညာသင်ကြားနေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jun 03,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။
Jun 03,2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
Jun 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန်လ(၃) ရက်နေ့မှစ၍ ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ ကျောင်းစတင် တက်ရောက်​နေကြ​ပြီဖြစ်ကြောင်း သိရသည်။
Jun 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်ပြီးဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှကော်မတီမှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ယမန်နေ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 03,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Jun 03,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့ ဇွန်လ(၃)ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိရာ၊ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနိုင်​ရေး​ ယ​နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာ​ရေးမှူးနှင့် ဝန်ထမ်းများက အ​ခြေခံပညာ​​ကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့​ပြီး၊ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ပေးကာ အား​ပေးစကား​ပြောကြားခဲ့သည်။