ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရန်ကုန် ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ အ‌‌ခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ လှစ်ဖွင့်ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသုံးကျောင်း၊ ကိုယ်ပိုင်ကျောင်းလေးကျောင်းကို ဖွင့်လှစ်ထားပြီး KG တန်းမှ Grade-12 တန်းထိ ကျောင်းသား ကျောင်းသူ ၁၁၅၇၆ ဦးကို ကျောင်းအပ်လက်ခံခဲ့ကြောင်း သိရသည်။

ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)