ကော့ကရိတ် ဇွန် ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အဆိုပါ အစည့်အဝေးတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖွဲ့စည်းထားသည့် ကော်မတီဝင်များအား လုပ်ငန်းတာဝန်များအပေါ် စာရင်းဇယားများ တိကျမှန်ကန်စွာ ရေးသွင်းနိုင်ရေးနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်အပေါ် ကော်မတီဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)