ကျောက်မဲ ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်ပြီးဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်နှင့် မြို့နယ်အအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၂) ကျောင်း၊ အလယ်တန်းကျောင်း(၄) ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉) ကျောင်း၊ မူလွန်(၁၆)ကျောင်း၊ မူလတန်းကျောင်း(၅၄)ကျောင်း၊ အ.မ.က (ခွဲ) (၇) ကျောင်းနှင့် အ.မ.က(တွဲ)ကျောင်း(၁)ကျောင်း စုစုပေါင်း ကျောင်း (၉၈)ကျောင်းကို ယနေ့မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ "ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ကြရာ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၄၉၉၈ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၃၂၉၅ ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၁၁၃၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၄၂၇ ဦးရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်၊ ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းများအလိုက် အသီးသီးထုတ်ပေးကြကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)