ဆီဆိုင် ဇွန် ၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှကော်မတီမှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ယမန်နေ့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်လက်ထောက်ပံ့ပေးအပ်ရာတွင် ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်နေထိုင်ကြသည့် ဟိုခဲရပ်ကွက်ရှိ ဒေသခံပြည်သူ ၇၂၀ ဦး၊ မင်္ဂလာရပ်ကွက်ရှိ ပြည်သူ ၁၀၂ ဦး၊ အောင်သပြေရပ်ကွက်ရှိ ပြည်သူ ၄၉၆ ဦး၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်သူ ၁၄၄၀ ဦး၊ မြကန်သာရပ်ကွက်ရှိ ပြည်သူ ၇၃၀ ဦး၊ သီရိရပ်ကွက်ရှိ ပြည်သူ ၄၅၉ ဦး၊ ဟော်တောင်ရွာရှိ ပြည်သူ ၁၀၀၅ ဦး၊ ဟော်မြောက်ရွာရှိ ပြည်သူ ၂၀၈ ဦး၊ ဘုရားဖြူရွာရှိ ပြည်သူ ၂၀၈၃ ဦး၊ ဝါးတောရွာရှိ ပြည်သူ ၆၀၆ ဦး၊ တခေါ့တန်ရွာရှိ ပြည်သူ ၄၂ ဦး၊ ပန်လိုင်းရွာရှိ ပြည်သူ ၃၁၅ ဦး စုစုပေါင်း ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာ (၆) ရွာတို့ရှိ စုစုပေါင်းပြည်သူ ဦးရေ ၈၂၀၆ ဦးအတွက် တစ်ဦးကို တစ်ရက်လျှင် ဆန်နို့ဆီ (၂)ဘူးနှုန်းဖြင့် တစ်လစာ စုစုပေါင်း ဆန်အိတ် ၂၅၆၄ အိတ်အား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံက သိရသည်။
နေမင်း (ဆီဆိုင်)