ရွှေဘိုမြို့၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်​ရေး လှည့်လည်ကြည့်ရှုစစ်​ဆေး

​ရွှေဘို ဇွန် 

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့ ဇွန်လ(၃)ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိရာ၊ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနိုင်​ရေး​ ယ​နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာ​ရေးမှူးနှင့် ဝန်ထမ်းများက အ​ခြေခံပညာ​​ကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့​ပြီး၊ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ပေးကာ အား​ပေးစကား​ပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်၊ စာ​ရေးကိရိယာ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

​ရွှေဘိုခရိုင်တွင် အခြေခံပညာကျောင်း(၆၅)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)​ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ​ရေး​ကျောင်း(၆)​ကျောင်းတို့၌ ယ​နေ့အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူစုစုပေါင်း(၁၉၉၀၄)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)