တမူး ဇွန်( ၃)
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန်လ(၃) ရက်နေ့မှစ၍ ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ ကျောင်းစတင် တက်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ "ဆောင်ပုဒ်နှင့်အညီ သက်မှတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မေလ(၂၃) ရက်နေ့မှ ဇွန်လ ( ၃)ရက်နေ့အထိ ကျောင်းသား/ကျောင်းသူ (၈၁၉၉)ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တမူးမြို့နယ်တွင် အခြေခံပညာနှင့်ကိုယ်ပိုင်အထက်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်း (ခွဲ) (၁)ကျောင်း၊ အခြေခံပညာ၊ ကိုယ်ပိုင်နှင့် ဘကအလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်း(ခွဲ) ကျောင်း(၁)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၂)ကျောင်း၊ အခြေခံပညာနှင့် ကိုယ်ပိုင်မူလတန်းကျောင်း(၄) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း(၁၆) ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
တမူးခရိုင် (ပြန်/ဆက်)