တပ်ကုန်းမြို့နယ် မုန်ဆည်ရေသောက်စနစ်ဖြင့် နွေနှမ်းဘောင်ကြီးတင်စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်း

တပ်ကုန်း ဇွန် ၅  

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၁၇ ကွင်း၊ ဘောင်ကြီးတင်စံပြစိုက်ခင်း နွေနှမ်း ၁၀ ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်း နွေနှမ်းဘောင်ကြီးတင် ၁၀ ဧကစိုက်ပျိုးရေးအတွက်  ထယ်ရေး၊ ထွန်ရေးပြုလုပ်ရေးအတွက် မုန်ဆည်ရေကို အသုံးပြုလုပ်ဆောင်ရကြောင်း၊ ဆင်းရတနာ(၃) နွေနှမ်းမျိုး ဖြစ်ပြီး၊ စိုက်ခင်းစနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှုသက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်း ကောင်းမွန်နိုင်ရေးနှင့် တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိနိုင်ရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးကြောင်း၊ တစ်ဧကထွက်နှုန်း ၁၈၊ ၂၃ တင်း ခန့်မှန်ထားကြောင်းနှင့် နွေနှမ်းရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း  နွေနှမ်းစိုက်တောင်သူတစ်ဦးထံမှ  သိရသည်။

တင်စိုးလွင်