စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇွန် ၅

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်း ကျင်နေ့ဆောင်ပုဒ်သတ်မှက်ခြင်း၊ သဲကန္တာရဖြစ်ထွန်းလာမှု အကြောင်းရင်းများ၊ ဝိသေသလက္ခဏာများ၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေး၊ မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေယာထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးအကြောင်းများ၊ မြေယာပြန်လည်ထိန်းသိမ်းခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပေးပြီး ဗွီဒီယိုကလစ်များဖြင့် ပြသပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဇော်မြင့်နိုင်( ပြန်/ဆက်)