မုဒုံ ဇွန် ၅
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပင်လယ်ဆိပ်ကမ်းအနီး ဘလောက်ညောင်ဝိုင်းကျေးရွာရှိ အခြေခံ ပညာမူလတန်း(လွန်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများက မိုးကြိုကာလနှင့် နွေကာလများအတွင်း နေ့အပူချိန် တဖြည်းဖြည်းမြင့်တက်ရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မိုးတိမ်တောင်များဖြစ်ပေါ်ကာ ရွေ့လျားရာနေရာတစ်လျှောက်တွင် စိုက်ဆင်းလေပြင်း၊ မိုးချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း စသည့်မိုးလေဝသဖြစ်စဥ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက သတိပြုရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)