အမြို့မြို့အနယ်နယ်သတင်းများ

Jun 06,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် နတ်မှော်ကျေးရွာနှင့် အဘစ်ကျေးရွာတို့မှ တောင်သူ (၉၀)ဦး၏ စိုက်ဧက (၆၄၇)ဧကအတွက် ချေးငွေ သုံးရာတစ်ဆယ့်ကိုးသိန်းငါးသောင်းကျပ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
Jun 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊  မြရတုခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 06,2024
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာမူလတန်း(ဟိုနောင်လုံ)​ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Jun 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ပုံနေကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
Jun 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က တာဝန်ရှိသူများသည် ကျောက်မဲမြို့၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grate 9 အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားတက်ရောက်နိုင်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 06,2024
ရှမ်းပြည်နယ်​(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် အသက် (၅)နှစ်အထက် (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က မိုင်းစံမြို့ အ​ခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
Jun 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့(၂)နာရီကအချိန်က လေပြင်းဘေးတိုက်ခက်မှုကြောင့် ဒဏ်ရာရသူ ၁ ဦးနှင့် နေအိမ် ၂ လုံး အမိုးလန် ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 06,2024
မကွေးတိုင်းဒေသကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ဘာသာရပ်အလိုက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည်။