ညောင်လေးပင်မြို့နယ်၌ လေ​ပြင်းဘေးကြောင့် ဒဏ်ရာရသူ ၁ ဦးနှင့် နေအိမ် ၂ လုံး အမိုးလန်ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်

ညောင်လေးပင် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့(၂)နာရီကအချိန်က လေပြင်းဘေးတိုက်ခက်မှုကြောင့် ဒဏ်ရာရသူ ၁ ဦးနှင့် နေအိမ် ၂ လုံး အမိုးလန် ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၄)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀)ကျပ်၊ လုံးဝပျက်စီး နေအိမ်တစ်လုံးနှင့် အမိုးလန်ပျက်စီးနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀) ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ (၁၈၉၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၈၉၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊(၁)အိမ်ထောင်စာ တန်ဖိုးငွေ (၄၆၀၃၆)ကျပ်ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်နှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိခိုင်စံတို့က လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)