မိုင်းစံ ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် အသက် (၅)နှစ်အထက် (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုင်းရှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက် (၅)နှစ်အထက် (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို မိုင်းစံမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်၊ မိုင်းစံနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်စွာဝင်းနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ခံ ဦးထွန်းလှိုင်ကျော်တို့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပြီး မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂)ဦးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)