Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြစ်သားမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာ စာဖတ်ပရိသတ်များ လက်ဝယ်အရောက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းပေး
Jun 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာပေဖတ်ရှုမှုမှရရှိသည့် ဗဟုသုတများ တိုးပွားစေရန် စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးနှင့် မီးသတ်ဦးစီးဌာနရုံးများရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ…
Jun 06,2024
မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် အထူးကုဆရာဝန်ကြီးများမှ ဘော်ဆိုင်းဒေသခံပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေး
Jun 06,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကလောမြို့နယ်အထူးကုဆရာဝန်ကြီးများက ဘော်ဆိုင်းဒေသခံ ပြည်သူများအား ဇွန်လ (၄) ရက် နံနက် (၈) နာရီက ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသစမ်းသပ် ပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ဆေးလာရောက်ကုသနေသော ဒေသခံပြည်သူများကို ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ဘော်ဆိုင်းပြည်သူ့ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ ဘော်ဆိုင်းပြည်သူ့ဆေးရုံ ဆရာဝန်ကြီးနှင့် ဆရာမများမှ လက်ခံရယူကြ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက စည်ပင်သာယာမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ Video Editing သင်တန်း ဖွင့်လှစ်
Jun 06,2024
ယနေ့ခေတ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူငယ်လူရွယ်များ နည်းပညာပိုင်းနှင့် သက်ဆိုင်သည့် အတွေးအခေါ်များ မြင့်မားတိုးတက်လာစေရန် ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် Video Editing သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်
Jun 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလုပ်သား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေး အရှိန် အဟုန်မြှင့်တင်၍ ယခုမိုးဦးကာလတွင်ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ၊ ဝမ်းကိုက် ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး၊ ပိုးလောက်လန်းမှအစ ခြင်ပေါက်ဖွားမှုမရှိစေ ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီမှစ၍ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
Jun 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက် ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယမန် နေ့နံနက် ၁၀ နာရီမှ စတင်ပြီး လင်းခေးခရိုင်ခွဲရုံမှူး ဦးကျော်မိုးအောင်နှင့် မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဇင်ဝင်းတို့က ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ရပ်ကွက်များသို့ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ် ဒေသတွင်းစိမ်းလန်းစိုပြည်ရေး ပျိုးပင်ပေါင်း(၅၁၀၀၀) ပျိုးထောင်ထားရှိ
Jun 06,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၅၁၀၀၀) ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5876
Page
5877
Page
5878
Page
5879
Current page
5880
Page
5881
Page
5882
Page
5883
Page
5884
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department