Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jun 06,2024
ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြောက်လွတ်ကုန်းကျေးရွာနှင့် လေသာတောင်သာရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးကြပြီး လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာကျောင်းများတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အစားအစာများနှင့် အဝတ်အထည်များ လှူဒါန်း
Jun 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်လျက်ရှိသည့် ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးမှူးနှင့် စေတနာရှင်အလှူရှင်များက သွားရောက်ကာ လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer -15 ထိုးနှံပေး
Jun 06,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer-15 ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က မိုင်းစံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 06,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပူပိုင်းဒေသ စိမ်းလန်စိုပြေရေးဦးစီးဌာနကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း အပူချိန်လျော့ကျလာစေရန် သစ်တော၊ သစ်ပင်ပြုန်းတီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ( ၂၀၂၄) ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက လက်တက်ကျေးရွာအနီးရှိ တောင်တွင်းကြီး-အောင်လံ-ပြည် လမ်းမကြီး လမ်းဘေးဝဲ/ယာ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားတက်ရောက်
Jun 06,2024
စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
Jun 06,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်၌ (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီအချိန်က တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆) ခုတင်ဆန့် တိုင်းရင်းဆေးရုံးတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုး…
Jun 06,2024
၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း Multipurpose Stadiumတွင် ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးဖူဆယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင် ၁၁ ခုမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ရာသီဥတု အညွှန်းကိန်းသီးနှံ အာမခံလုပ်ငန်း အသိပညာပေးဆွေးနွေး
Jun 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် သာယာဝတီခရိုင် မြန်မာ့အာမခံလုပ်ငန်းတာဝန်ခံမှ ယနေ့ နံနက် ၉ နာရီက ရာသီဥတု အညွှန်းကိန်းသီးနှံ အာမခံလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5874
Page
5875
Page
5876
Page
5877
Current page
5878
Page
5879
Page
5880
Page
5881
Page
5882
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department