လဲချား ဇွန် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှစ၍ ပုံနေကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ကျေးရွာနေဒေသခံ မိဘပြည်သူများနှင့်မိသားစုဝင်များ၊ ကျေးရွာအုပ်စုများမှ ဒေသခံမိဘပြည်သူများနှင့် မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ နေ့စဉ်ညနေ ၄ နာရီခွဲအထိ သတ်မှတ်ရက်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊Biometric Data များကို Database တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ် ပြန်/ဆက်)